တပ်ကုန်းမြို့နယ်၌ အထူးကုသမားတော်ကြီးများ ကွင်းဆင်းဆေးကုသပေးမှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်၌ အထူးကုသမားတော်ကြီးများ ကွင်းဆင်းဆေးကုသပေးမှုများ ဆောင်ရွက်




တပ်ကုန်း ၊   မေ ၁၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာမြတ်ခိုင်၊ ဥတ္တရခရိုင်ခုတင် (၃၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုး၊ တပ်ကုန်းခုတင် (၁၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအုပ်စိုးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် (အခမဲ့)ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။

ထိုကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့တွင် အရိုးအကြော၊ သွားနှင့်ခံတွင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ခွဲစိတ်အထူးကုနှင့် အထွေထွေရောဂါကု အထူးကုသမားတော်ကြီးများ ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့က အထွေထွေရောဂါ ဝေဒနာရှင် (၉၂) ဦး၊ ခွဲစိတ်ရောဂါဝေဒနာရှင် (၃၂) ဦး၊ အရိုးအကြောရောဂါဝေဒနာရှင် (၆၈) ဦး၊ သားဖွားမီးယပ်ရောဂါဝေဒနာရှင် (၂၈) ဦး၊ ကလေးရောဂါဝေဒနာရှင် (၂၆) ဦး၊ ခံတွင်းနှင့်သွားရောဂါဝေဒနာရှင် (၃၁) ဦး၊ မျက်စိရောဂါ ဝေဒနာရှင် (၁၃၁) ဦး၊ စုစုပေါင်း (၄၀၃) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးရာသို့ ဥတ္တရခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ချောစုဝင်းနှင့် အသင်းဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်းထွဋ်အောင်၊ အဖွဲ့ဝင် (၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ကြည်ပြာအောင်နှင့် အသင်းဝင်များ၊ အေးချမ်းသာစံပြကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမော်စိုးနှင့် ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ‌ခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)