မြိတ်မြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းများမှ (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်တွင် အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်း စိစစ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းများမှ (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်တွင် အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်း စိစစ်ဆောင်ရွက်



မြိတ်    ၊  မေ    ၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းဖြင့် ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းများမှ (၂၀၂၅)ခုနှစ် နှစ်ကုန်တွင် အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ (တတိယအကြိမ်မူကြမ်း) ပေးပို့ရာတွင် မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက  မြိတ်တက္ကသိုလ်၌ ကွန်ပျူတာများဖြင့်  e-ID Main Server  အတွင်း စိစစ်ဆောင်ရွက်လျက်ရှိသည်။ 

လူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းဖြင့် မြိတ်မြို့နယ်တွင် စာရင်းကောက်အဖွဲ့ များမှ မြေပြင်ရှိလူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းများကို  e-ID Main Server အတွင်းသို့  Software ရေးသွင်းထားရှိသော လူဦးရေစာရင်းများမှ (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်၌ အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်း များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တတိယအကြိမ်မူကြမ်းပေးပို့ရာတွင် မှန်ကန်မှုရှိစေရန် စိစစ် ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြိတ်မြို့နယ်၏ e-ID တာဝန်ခံ လဝကမှူး ဒေါ်ခင်လင်းဝေ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများနှင့် ကွန်ပျူတာလုပ်အားပေးဝန်ထမ်းများက ကွန်ပျူတာ (၂၃) လုံးဖြင့် e-ID Main Server အတွင်းသို့   ရေးသွင်းထားသည့် အိမ်ထောင်စုလူဦးရေစာရင်းများကို စိစစ် ဆောင်ရွက်လျက်ရှိကြသည်။ မြိတ်မြို့နယ်အတွင်းနေထိုင်ကြသည့် လူဦးရေစာရင်းကို e-ID Main Server အတွင်းသို့  ရေးသွင်းထားသည့် အိမ်ထောင်စုပေါင်း (၉၇,၇၄၄)စု ရှိကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)