မောက်မယ်မြို့နယ် သမိုင်းဝင်နောင်နင်းရေထွက်တွင် ရိုးရာဓလေ့ ရေတောင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ် သမိုင်းဝင်နောင်နင်းရေထွက်တွင် ရိုးရာဓလေ့ ရေတောင်းပွဲကျင်းပ

 




မောက်မယ် ၊  မေ  ၁၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့သမိုင်းဝင်နောင်နင်းရေထွက် တွင်ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါနောင်နင်းရေထွက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်တွင် ရေထွက်များပေါများသဖြင့် နှစ်စဉ်နယုန်လအတွင်း နေရာဒေသအသီးသီး ကျေးရွာများအလိုက် ရိုးရာဓလေ့ရေတောင်းပွဲကိုကျင်းပပြုလုပ်ကြောင်း သိရသည်။

ထိုသို့ရေတောင်းပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းမှာ နောင်နင်းရေထွက်မှ ထွက်ရှိလာသောရေသည် လယ်ယာမြေအတွက် လုံလောက်စွာပေးဝေနိုင်ခြင်း၊ မိုးလေဝသမှန်ခြင်း၊ ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံ ပေါများကြွယ်ဝခြင်းတို့အယူရှိကြပြီး  မြို့နယ်အတွင်းရှိ   ရပ်ကွက်နှင့်ကျေးရွာအုပ်စုရှိ ကျေးရွာများက ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများ တက်ရောက်ကာ ယမန်နေ့နေ့လယ် ၁၁ နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား နေ့လယ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ငါးပါးသီလခံယူ ပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများတို့အား ထမင်းထုတ်များ မျှဝေခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရှမ်းအိုးစည်ဗုံမောင်းများတီး၍ လူဖိုင်း(ခေါ်)မီးရှူးလွှတ်တင်ကြသည့် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။


စိုင်းမျိုးသန့်(မောက်မယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)