သံဖြူဇရပ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်




သံဖြူဇရပ်၊ မေ ၁၄  

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများအား M တံဆိပ်ပါ အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။


အဆိုပါ ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဌေးခိုင်နှင့်ဝန်ထမ်းများမှ အောင်သာယာရပ်ကွက်ရှိ ရွှေ့ပြောင်းနေထိုင်သူများအား M တံဆိပ်ပါ အိမ်ထောင်စုလူဦးရေစာရင်း(၄၂)စု၊ အသက်(၁၀)နှစ်ပြည့်ပြီးသူ(၉၂)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ(၄၇)ဦး၊ စုစုပေါင်း(၁၃၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူလက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး၊ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)