မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၇၈ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၇၈ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနား တက်ရောက်



မ‌ကွေး  ၊   မေ  ၅

မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ ၇၈ နှစ်မြောက်၊ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးခရိုင်အားကစားကွင်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင့်လွင်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ သစ္စာအဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မီးသတ်တပ်ဖွဲ့သည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်  ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကြိုတင်စီမံမှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှုဆိုသည့် အရေးကြီးကဏ္ဍများကို မဟာဗျူဟာကျကျ အလေးထားဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့်  မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကာ မီးသတ်တပ်ဖွဲ့၏ ဂုဏ်ကို မြှင့်တင်ဆောင်ရွက်ကြစေလို ကြောင်း၊ နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်း နည်းပညာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး လေ့ကျင့်မှုဖြင့် အရည်အချင်းပြည့်ဝအောင် ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ မီးသတ်သမားများသည် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို အသက်နှင့်ခန္ဓာကိုယ် အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရ သောကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စား သွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက်သွားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မီးသတ်တပ်ဖွဲ့ဝင်များက Mobile Fire Fighting Supporting Machine - LUF 60 ၏ စက်စွမ်းရည်များ သရုပ်ပြသခြင်း၊ အဆောက်အအုံအတွင်း မီးလောင်မှုဖြစ်ပွားခြင်းကြောင့် မီးခိုးများ သိပ်သည်းစွာ ပြည့်နှက်နေချိန်တွင် LUF - 60 အသုံးပြုကာ Ventilation ပြုလုပ်၍ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှု နည်းစနစ်များ သရုပ်ပြသခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း မီးလောင်မှုတွင် 3D Nozzle အသုံးပြု၍ မီးငြှိမ်းသတ်ရေး ဆောင်ရွက်မှု သရုပ်ပြသခြင်း၊ အထပ်မြင့် အဆောက်အအုံများတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ အသုံးပြုသော လှေကားတင် မီးသတ်ယာဉ် (Turntable Ladder Truck)၏ စက်စွမ်းရည်များကို သရုပ်ပြသခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က အသစ်ထပ်မံဝယ်ယူဖြည့်တင်းပေးခဲ့သော ခေတ်မီ မီးငြှိမ်းသတ်ယာဉ်များနှင့် ခေတ်မီ မီးသတ်ရေသယ်ယာဉ်များ၏ စက်စွမ်းရည်များကို Water Colour ဖြင့် ပက်ဖျန်းသရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးပြီး (၇၈)နှစ်မြောက်၊ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


အောင်ကို (ဖန်ခါးမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)