အခြေခံလေကြောင်း လူငယ်သင်တန်းနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းသွင်းလေ့ကျင့်ရန်နှင့် ပြိုင်ပွဲများ ကျင်းပရန် မိတ္တီလာမြို့သို့ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံလေကြောင်း လူငယ်သင်တန်းနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းသွင်းလေ့ကျင့်ရန်နှင့် ပြိုင်ပွဲများ ကျင်းပရန် မိတ္တီလာမြို့သို့ ရောက်ရှိ





နေပြည်တော်၊ မေ ၁၂

တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) စခန်းပေါင်းစုံမှ သင်တန်း သား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ စခန်းပေါင်းစုံ တွေ့ဆုံပွဲပြုလုပ်ကြသည်။


ထို့နောက် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်း ပေါင်းစုံပြိုင်ပွဲများကို ဧရာဝတီရေတပ်စခန်းဌာနချုပ် သီဟသူရထွန်းတင်ခန်းမ၊ စစ်ရေး ပြကွင်းနှင့် အမှတ်(၄) ရေတပ်ဗောတံတားတို့၌ပြုလုပ်ရာ တပ်မတော်အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် အုပ်ချုပ်သူများ တက်ရောက် ကြသည်။ ပြိုင်ပွဲတွင် ရေကြောင်းလူငယ်သင်တန်းစခန်း (၁၀) ခုမှ သင်တန်း သား၊ သင်တန်းသူများက သင်တန်းအလိုက် စစ်ရေးပြပြိုင်ပွဲများ၊ ရေတပ်သား ဘာသာ ရပ်ဆိုင်ရာ ရေး/ဖြေစာမေးပွဲ၊ ကြိုးချည်ကြိုးထိုးလက်တွေ့ပြိုင်ပွဲ၊ ရေတိုင်းခြင်း လက်တွေ့ ပြိုင်ပွဲနှင့် ပဲ့စင်တပ်ဖွဲ့တာဝန်ဖွဲ့စည်းဆောင်ရွက်မှု လက်တွေ့ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။


အလားတူ တပ်မတော်(လေ)က ၂၀၂၄ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ  ယနေ့တွင် နယ်မြေဒေသအသီးသီးရှိ သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား၊ သင်တန်းသူများ သည် ပြိုင်ပွဲများကျင်းပရန်နှင့် ဒေသန္တရလေ့လာရေး ခရီးစဉ်များသွားရောက်ရန် တပ်မတော် လေယာဉ်များ၊ တပ်မတော်မော်တော်ယာဉ်များဖြင့် မိတ္ထီလာမြို့သို့ စုံလင်စွာ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


အဆိုပါသင်တန်းသားများသည်  မိတ္ထီလာမြို့တွင် အခြေပြု၍ စစ်ရေးပြပြိုင်ပွဲများ၊ RC Simulator / Flight Simulator မောင်းနှင်ခြင်းပြိုင်ပွဲများ၊ RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပြခြင်းနှင့် တပ်မတော်(လေ) သင်တန်း ကျောင်းများ၊ မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ လေ့လာခြင်းများအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)