ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေး




ပြည်ကြီးတံခွန် ၊   မေ  ၉


အလုပ်သမားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာသို့ အလုပ်သမားဝန်ကြီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းနှင့်ဝန်ထမ်းများ၊ PoPy-1 မုန့်လုပ်ငန်းစက်ရုံတာဝန်ခံ ဒေါ်သက်မာဝင်းနှင့်ဝန်ထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိက ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါအကျိုးခံစားခွင့်များအကြောင်း အသိပညာပေးဆွေးနွေးဟောပြောသည်။


ထို့နောက် တိုင်းဒေသကြီးတာဝန်ခံအရာရှိက ပြည်ကြီးတံခွန်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော CB Bank လုပ်ငန်းဌာနမှ အာမခံအလုပ်သမား ဒေါ်တိုးတိုးလွင်ဦးအား ဆေးဖိုးခွင့်ပြုငွေကျပ် (၆၄၅၁၆၃၇)(ကျပ်ခြောက်ဆယ့်လေးသိန်းငါးသောင်းတစ်ထောင်ခြောက်ရာသုံးဆယ့်ခုနှစ်ကျပ်တိတိ) ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)