ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို တက်ရောက်







ပြည်၊ မေ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့ နေ့လည် ၁၃၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြိုနယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် ပါတီဝင်အသစ် (၂၂၅)ဦး၏ အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို တက်ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး အစီအစဉ်အရ ပါတီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ "ပါတီသို့ အသစ်ဝင်ရောက်လာသူများသိသင့်သည့် အသင်းဘဝမှသည် နိုင်ငံတော်၏ သမိုင်းလိုအပ်ချက်အရ ပါတီအဖြစ်ပြောင်းလဲဖြတ်သန်းခဲ့သည့် မိမိတိုပါတီ၏ သမိုင်းကြောင်း၊ မိမိတိုပါတီ တံဆိပ်၊ အလံ၊ ဆောင်ပုဒ် တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပါတီ၏ ရေတို ရေရှည်ရည်မှန်းချက်များနှင့်  ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအမံများ" အား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပါတီဝင်အသစ်များ၏ အဆိုပြုလွှာ (၂၂၅)စောင်အား ပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက လက်ခံရယူခဲ့ပါသည်။ ဆက်လက်ပြီး ပါတီဝင်အသစ်များထဲက တစ်ဦးမှ ပါတီသို့ဝင်ရောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ညနေ (၁၄ ၃၀) အချိန်တွင် ရုတ်သိမ်းခဲ့သည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊  ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပေါင်းစပ်ညှိနှိင်းရေးမှူး တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပါတီဝင်အသစ် (၂၂၅)ဦး စုစုပေါင်းအင်အား (၇၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)