ဗန်းမော်မြို့တွင် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်



ဗန်းမော်၊ မေ ၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၏ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ ၈ ရက် နံနက် ၉ နာရီက သာစည်ရပ်ကွက်ရှိ အမှတ် (၁)အခြေခံပညာအထက်တန်းရှိ အောင်တံခွန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်ကိုကို က သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်သစ်တောဦးစီးမှူး ဦးဖြိုးဇော်ဟိန်းနှင့် တောအုပ်ကြီး ပြည့်စုံဟိန်း တို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး သစ်တောဦးစီးဌာန၏ ဆောင်ရွက်နေမှုအခြေအနေများကို ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)