ရွှေတောင် ၊ မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၁၇A)၊ ကွင်းအတွင်းရှိ တောင်သူ ဦးလင်းလင်း၏လယ်မြေ ( ၁၃) ဧကတွင် ( နွေစပါး) ဗီယက်နမ် စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ အိုးထိမ်းကုန်းကျေးရွာ အုပ်စု၊ မင်းကွန်းကျေးရွာအုပ်စု၊ မီးလောင်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း အင်အား ( ၈၃) ဦးခန့်တက်ရောက်ခဲ့ကြပြီး ( ၁) ဧကစံကွက် ( ကြီး) ရိတ်သိမ်းရာတွင် အစိုထွက်တင်း (၁၇၀.၆၅) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment