အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေထောက်ပံ့




အမ်း  ၊   မေ  ၁၁


   ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက လုံးကောက်ကျေးရွာအုပ်စု လုံးကျေးရွာ၊ ခရမ်းကျွမ်းကျေး ရွာ၊ ချင်းကုန်းကျေးရွာတို့မှ ယာယီခိုလှုံရန်အတွက် ဈေးရပ်ကွက် ဓာတ်ပေါင်းစုမြတ်စွယ်တော်ဓမ္မာရုံသို့ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေအား ယနေ့နံနက်(၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ် သည်။

   အဆိုပါ တိုက်ပွဲရှောင်ပြည်သူ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က

စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးမှု၊

ဆန်ရိက္ခာပြတ်လတ်မှုမရှိစေရေးစီစဉ်ဆောင်ရွက်‌ပေးနေမှုတို့အား ပြောကြားခဲ့ပြီး မြို့နယ်ဘေးအန္တ ရာယ်စီမံခန်ခွဲရေးဦးစီးဌာနမှ  ဒေါ်မေထားဇော်(ဦးစီးအရာရှိ)က တိုက်ပွဲရှောင်ပြည်သူများအတွက်

လတ်တလော စားဝတ်နေရေးအဆင်ပြေစေရေး အခတ်အခဲများအား အထောက်အပံ့ဖြစ်စေရန်အတွက် ဆန်ရိက္ခာ(၁)လစာဖိုးငွေ ထောက်ပံ့ပေးအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

   ဆက်လက်၍ တိုက်ပွဲရှောင်အိမ် ထောင်စု(၅၆)စု၊ လူဦးရေ(၁၉၂) ဦးတို့၏ လတ်တလော စားဝတ် နေရေးအဆင်ပြေစေရေး အခတ်အခဲများအား အထောက်အပံ့ဖြစ်စေရန်အတွက် လူတစ်ဦးလျှင် (၉၀၀၀)နှုန်းဖြင့် ဆန်ရိက္ခာ(၁) လစာဖိုးငွေ(၁၇၂၈၀၀၀)အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန်ခွဲရေးဦးစီး ဌာနမှ  ဒေါ်မေထားဇော်(ဦးစီးအ ရာရှိ)တို့က တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)