ပေါင် ၊ မေ ၂၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးတောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပန်းကုန်းကျေးရွာနှင့်ကတွန်ကျေးရွာတို့၌ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ စိုက်ပျိုးရေးဦးစီးဌာနပေါင်မြို့နယ်ဦးစီမှူးဦးကျော်စွာလှိုင် က အဖွင့်အမှာစကားပြောကြား၍ သက်ဆိုင်ရာနယ်မြေတာဝန်ခံ ဒုတိယဦးစီးမှူ ဒေါ်ခင်နှင်းရီ မှ စပါးတွင်ကျရောက်တတ်သောပိုးမွှားများအား ကြိုတင်ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကိုလည်းကောင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနည်းလမ်းများကိုလည်းကောင်း၊ ဓာတ်မြေဩဇာများအား စပါးပင်သက်တမ်းအလိုက် ထည့်သွင်းအသုံးပြုရေးနည်းလမ်းများကိုလည်းကောင်း၊ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးနိုင်ရေးနည်းလမ်းများကိုလည်းကောင်း၊ တောင်သူများနှင့်နှီးနှောဖလှယ်ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်က လိုအပ်သည်များကိုဖြည့်စွက်ပြောကြားခဲ့သည်။ဆွေးနွေးပွဲကို ပန်းကုန်းကျေးရွာနှင့် ကတွန်ကျေးရွာ ရှိ
တောင်သူ (၃၀ )ဦးနှင့် စိုက်ပျိုးရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment