ပေါင်မြို့နယ်၌ (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဘာသာစာမေးပွဲဆုချီးမြှင့်ခြင်းနှင့အောင်လက်မှတ်ပေးအပ်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဘာသာစာမေးပွဲဆုချီးမြှင့်ခြင်းနှင့အောင်လက်မှတ်ပေးအပ်ပွဲပြုလုပ်




ပေါင်     ၊   မေ        ၂၇


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဘာသာ စာမေးပွဲဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်ပေးအပ်ပွဲကိုယနေ့နံနက်ပိုင်းက   သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ခဲ့သည်။


ရှေးဦးစွာမြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုပြီး (၅) ပါးသီလ ခံယူဆောက်တည်ကြသည်။ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးထင်လင်းအောင် က ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေကို စောင့်ထိန်း သောအနေဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများကို သင်ယူတက်မြောက်ခြင်းသည် မင်္ဂလာရှိသည်ဖြစ်၍ ကျောင်းသား၊ကျောင်းသူများ  ကြိုးစားစေချင်ကြောင်းအမှာစကားပြောကြားခဲ့သည်။


ထို့နောက်မြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းအေး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားတင်ပြခြင်း၊ မြို့နယ် YMBA ဥက္ကဌမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး  တာဝန်ရှိသူများက ဗုဒ္ဓဘာသာစာမေးပွဲတွင်  ထူးချွန်စွာအောင် မြင်ခဲ့သော ကျောင်းသား၊ကျောင်း သူများကို ဆုချီးမြှင့်ခြင်းနှင့်‌အောင်လက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)