ညောင်ရွှေမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ညောင်ရွှေမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ


0014


ညောင်ရွှေ  ၊  မေ ၁၁


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့  ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကန်ကြီးပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်းရှိ ဓာတ်ပေါင်းစုစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြ၍ ကန်ကြီးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်ကြသည်။


ထို့နောက် ကန်ကြီးပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တတေဇဝံသက ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်း အောင်မြင်ခြင်း အထိမ်းအမှတ် ဇေယျသိဒ္ဓိ အောင်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


၎င်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ပင့်ပန်ထားသည့် နတ်ဗြဟ္မာအပေါင်းတို့အား ပြန်လည်ပို့ဆောင်သည့် နတ်ပို့ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းနှင့်အဆိုပါကျမ်းမြတ်ပူဇော်ခြင်းကို (၇-၅-၂၀၂၄) ရက်နေ့မှ (၁၁-၅-၂၀၂၄) ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages