သာပေါင်း ၊ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မေလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လူအများသွားလာ စည်ကားရာလမ်းဆုံလမ်းမများမှ လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းနှင့်ဝန်ထမ်းများက လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်သတိပြုကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်း သက်သာစေရန်၊ သတိပြု၍ရှောင်ရှားသင့်သည့် အပြုအမူအချက်အလက်များအား သိရှိကာကွယ်တုံ့ပြန်နိုင်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရေး လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment