( ၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

( ၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်



ရွှေတောင်  ၊  မေ  ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ မေလ( ၅) ရက်နေ့တွင်ကျရောက်မည့်( ၇၈)  နှစ်မြောက်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊  မယားမာန်ကျေးရွာ လူနတ်နှစ်လီ၊တရစ်စီ တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးတွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

        မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်  စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်  မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း နှင့် ရုံး/ စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မယားမာန်နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဒုတိယတပ်ရင်းမှူး ဦးအေးမြင့်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ဖြိုးဝေလှိုင်နှင့်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များမှ ဘုရားရေသပ္ပါယ်ခြင်းများပြုလုပ်ခြင်း၊ ဘုရားကြီး ရေပြင်တော် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်ခြင်းများကို စုပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ 

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)