ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးဖွဲ့ဝင်ဝန်ကြီးများမှ အင်္ဂပူမြို့နယ်တွင် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးဖွဲ့ဝင်ဝန်ကြီးများမှ အင်္ဂပူမြို့နယ်တွင် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ တက်ရောက်




အင်္ဂပူ၊ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက်(မြောက်)ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၃၈၂ (သာပေါင်းကွင်း)၊ ဦးပိုင်အမှတ် (၁၈၁)ရှိ တောင်သူ ဦးပြည့်ဖြိုးဟန်၏ လယ်ယာ‌မြေ (၁)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ နွေစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်ရာသို့ ရောက်ရှိရာ  ခရိုင် အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား‌ရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်မှ ဒေသခံ‌တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းမှုအခြေအနေများအား ကြည့်ရှုအား‌ပေးခဲ့သည်။ နွေစပါးဆင်းသုခ စံကွက်ရိတ်သိမ်းရာတွင် ၁-ဧက ပျမ်းမျှ စပါးအစို ၁၂၁.၀၆ တင်းနှင့် စပါးအခြောက် ၁၁၅.၂၅ တင်းထွက်ရှိ‌ကြောင်း သိရသည် ။

ထို့နောက်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တလိုင်းကွင်း‌ ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း‌ကျေးရွာ၊ ကွင်းအမှတ်၈၄၂ (ကွမ်းခြံကုန်းကွင်း)၊ ဦးပိုင် (မ/၃၀) ရှိ တောင်သူ ဒေါ်မာမာရွှေ၏ လယ်ယာမြေတွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ စုပေါင်း ကြဲပက်ပွဲသို့ တက်‌ရောက်ခဲ့ပြီး တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ‌ ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့များအား စုပေါင်းကြဲပက်ခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တလိုင်းကွင်းကျေးရွာအုပ်စုအတွင်းရှိ နန်ကသူဆည်ရေဖြင့် (သုံးသီးထပ်) ထပ်မံစိုက်ပျိုးနိူင်ရန် ရေသွယ်မြောင်းပြုလုပ်မည့် နေရာသို့ ရောက်ရှိရာ မြို့နယ်ဆည်‌မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှ်ိ ဦးသိန်းလင်းကျော်က ရေပေးမြောင်းပြုလုပ်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ နန်ကသူဆည်ရေပေးမြောင်း RDY-1အား ထပ်မံ၍ ပေ(၄၄၀၀)ပေတူး‌ ဖော်မည်ဖြစ်ပြီး ပြီးစီးပါက အကျိုးပြုဧက(၉၀) အား ဆည်ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၅၄/၆)အနီးရှိ ခြင်ကိုက်ကွင်းဘိနယ် ပျိုးဥယျာဉ်သို့သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဟင်္သာတခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အင်္ဂပူမြို့နယ်၊ ဦးစီးအရာရှိတို့မှ ပျိုးဥယျာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြရာ လိုအပ်သည်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ပျိုးဥယျာဉ်တွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ အထူးပျိုးပင် (၂၅၀၀၀)ပင်၊ သစ်မျိုး (၅)မျိုးနှင့် ၂၀၂၄ ခုနှစ် မိုးရာသီလူထုဖြန့်ပျိုးပင် (၂၆၀၅၀)ပင်၊ သစ်မျိုး (၁၅)မျိုးအား ပျိုးထောင်ထားရှိကြောင်း သိရသည်။


မန်းကျော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)