မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတား စစ်ဆေးရေးဂိတ်နှင့် မိုင်းနားပူးပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှု ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတား စစ်ဆေးရေးဂိတ်နှင့် မိုင်းနားပူးပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှု ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး


နေပြည်တော်၊ မေ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားစစ်ဆေးရေးဂိတ်နှင့် မိုင်းနားပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ လုံခြုံရေးဆောင်ရွက်စဉ် ယမန်နေ့က KIA နှင့် PDF ပူးပေါင်းအင်အား ၁၅ ဦးခန့်က လာရောက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲဝင် ၁ ဦးကျဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့၊ နယ်မြေခံတပ်ရင်းဌာနချုပ်ကို KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၄၀၀ ဦးခန့်က ဒရုန်း ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်းရှိ အနန်းကွင်းစခန်းသို့ KNLA တပ်မဟာ(၆) ၊ ရင်း(၁၆) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်များနောက်သို့  လိုက်လံရှင်းလင်းရာ အကြမ်းဖက်သမား ၁ လောင်း၊ အမ်(၇၉) ၁ လက်၊ RPG ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြိုနယ်အတွင်း နယ်မြေရှင်းလင်းစဉ် ကွင်းကလေးကျေးရွာအနောက်ဘက်သို့အရောက် KKO(ခွဲထွက်)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ် နှိမ်နင်းခဲ့ရပြီး အကြမ်းဖက်သမားများ နေထိုင်သည့် မိုးကာတဲ ၂ လုံး၊ ပစ်ကျင်း ၆၂ ကျင်း၊ သစ်လုံးဘန်ကာ ၁ လုံး၊ လက်လုပ်မိုင်း ၁၄ လုံး၊ ကျည် ၃၀၀ တောင့်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် သာယာကုန်းကျေးရွာအနီးသို့အရောက် နေရာ ၂ နေရာမှ အကြမ်းဖက်ပူးပေါင်းအင်အား ၈၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် ၁ လောင်း၊ KA ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့သည်။

PDF အကြမ်းဖက်သမားများကို ရွံမုန်းနေသော ပြည်သူများ၏ သတင်းပေးချက်အရ မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာအနီး PDF အကြမ်းဖက်သမားများ ခိုအောင်းနေသော နေရာတစ်ခုကို  လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်နယ်မြေရှင်းလင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားပြီး PDF များ ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆွဲခေါ်ပြီး မြောက်ဘက်သို ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား ဆက်လက်ရှင်းလင်းစဉ် ကျည်ကာဦးထုပ် ၁၂ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေ၊ ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁၀ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

(၉-၅-၂၀၂၄ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့မှုဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များ ဖြစ်ပါသည်။)


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)