ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကော်ဖီဧက(၁၀၀) တိုးချဲ့စိုက်ပျိုးမည့် တောင်သူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကော်ဖီဧက(၁၀၀) တိုးချဲ့စိုက်ပျိုးမည့် တောင်သူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်



ပင်းတယ  ၊  မေ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာ အစုအဖွဲ့ပိုင်သစ်တော ကော်ဖီစိုက်ပျိုးရေးအစုအဖွဲ့သို့ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်များအနက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မှီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေကိုထူထောင်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အရင်းမပျောက်မတည်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၅)ဘီလီယံရရှိခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (SOP)ပါလုပ် ထုံးလုပ်နည်းများ၊ စံသတ်မှတ်ချက်များနှင့်အညီ မတည်ထောက်ပံ့ငွေထုတ်ချေးထားရှိရာ ယနေ့အထိကဏ္ဍအလိုက်စုစုပေါင်း အတိုးငွေကျပ် (၃၀၂ ဒသမ ၆၀)သန်းရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာရှိ အစုအဖွဲ့ပိုင်သစ်တောမြေတွင် ကော်ဖီတိုးချဲ့စိုက်ပျိုးရန် မြေ(၂၀၀)လျာထားပြီး ၎င်းမြေဧက (၂၀၀)တွင် ဦးစားပေး မြေဧက (၁၀၀)အား မြန်ဆန်စွာအကောင်အထည်ဖော် စိုက်ပျိုးနိုင်ရေးအတွက် ငွေကျပ် (၁၀၀)သန်းအား ထုတ်ချေးပေးသွားမည်ဖြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။      

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများအား ယကြီးကျေးရွာ အစုအဖွဲ့ပိုင်သစ်တော ကော်ဖီစိုက်ပျိုးရေးအစုအဖွဲ့သို့ ပေးအပ်ခဲ့သည်။ ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် ယကြီးကျေးရွာအစု အဖွဲ့ပိုင်သစ်တော ကော်ဖီစိုက်ပျိုးရေးအစုအဖွဲ့ကိုယ်စား တောင်သူတစ်ဦးက ကော်ဖီစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ကော်ဖီစိုက်ပျိုးရေးအစုအဖွဲ့သို့ မတည်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ရဲထက်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)