နေပြည်တော်၊ မေ ၃ဝ
တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်မြေခံတပ်ရင်း ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၄ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာရှိနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိန္ဓောကျေးရွာနှင့် အနီးဝန်းကျင်တွင် လွန်ခဲ့သည့်ရက်သတ္တပတ်များက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာနေပြည်သူများ စိုးရိမ်ထိတ်လန့်၍ ခေတ္တတိမ်းရှောင်နေကြခြင်းဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ပစ်ခတ်မှုမရှိကြောင်း သိရှိရသည်။
PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုက်ပွဲများဖော်ဆောင်ရာ၌ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ထောက်ထားငဲ့ညာမှုမရှိဘဲ ဒေသခံပြည်သူများ၏ နေအိမ်များကို အကာအကွယ်ယူတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများမှတစ်ဆင့် လူမှုကွန်ရက်များပေါ်တွင် တပ်မတော်အပေါ် အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment