ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပွဲ” အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပွဲ” အခမ်းအနားကျင်းပ

 



ရန်ကုန်  ၊ မေ  ၁၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပွဲ” အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး စာရေးဆရာ ဦးကျော်ကျော်လှိုင်က “လူငယ်ဘဝတိုးတက်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်များထံသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

‌ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်များထံသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်က စာရေးဆရာ ဦးကျော်ကျော်လှိုင်သို့ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းမေးခွန်း (၁၀)ခုအား မေးမြန်းဖြေဆိုကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများက ဉာဏ်စမ်းပဟေဠိ ဖြေဆိုနိုင်သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယနေ့ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပွဲ” အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်များထံသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည့်

တန်ဖိုးငွေစုစုပေါင်းမှာ ငွေကျပ်(၁၅၀၆၀၀၀၀)ဖြစ်ကြောင်း သိရှိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)