ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၃) စာအုပ်မိတ်ဆက်ပွဲနှင့် ဖြန့်ချိခြင်းအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၃) စာအုပ်မိတ်ဆက်ပွဲနှင့် ဖြန့်ချိခြင်းအခမ်းအနား ပြုလုပ်



ကျောက်ဆည် ၊  မေ ၁၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်အုပ်စု၊ အောက်ချိုင်းရပ် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးလမ်း၊ GENERATION TEA ဆိုင်တွင် ယမန်နေ့နံနက် (၁၀)နာရီခွဲက ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၃) စာအုပ်မိတ်ဆက်ပွဲနှင့် ဖြန့်ချိခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းက ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၃)စာအုပ်တွင် ကဏ္ဍစုံလင်ဖြင့် ခန့်ညားထည်ဝါစွာ ထုတ်ဝေနိုင်ခဲ့သဖြင့် မြို့နယ်စာရေးဆရာအသင်းကြီးအား ဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မဂ္ဂဇင်းအမှတ်(၃) အယ်ဒီတာချုပ် ဆရာမွန်းဇူး၊ တာဝန်ခံ အယ်ဒီတာ ဆရာကေ(တောင်တန်းပြာ)၊ စာအုပ်စီစဉ်သူ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်(ကာတွန်းဖောင်းဖောင်း)တို့က မြို့နယ်မဂ္ဂဇင်းဟုဆိုသော်လည်း ကျောက်ဆည်အမှတ်(၃)မဂ္ဂဇင်းစာအုပ်သည် လစဉ်ထုတ်မထွက်ရှိနိုင်သည့် မဂ္ဂဇင်းများအစား  အစားထိုးဖတ်ရှုနိုင်သည့် မဂ္ဂဇင်းစာအုပ်တစ်အုပ်အဖြစ်သာမကဘဲ လေ့လာဖတ်ရှုပြီး သိမ်းဆည်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်အောင် ကြိုးစားထား၍ ကျောက်ဆည်မဂ္ဂဇင်းအမှတ်(၁)၊ အမှတ်(၂)တို့ထက် ကောင်းမွန်သာလွန်အောင် စာမျက်နှာ (၂၀၀)ဖြင့် ကဏ္ဍစုံထည့်သွင်းထုတ်ဝေထားကြောင်း အမှတ်တရစကားများ ပြောကြားခဲ့သည်။  


ထို့နောက် ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၃)အတွက် မေတ္တာဖြင့် ဓာတ်ပုံများရိုက်ကူးပေးသော ဓာတ်ပုံပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များနှင့် ကလောင်ရှင်များအား စာမူငွေနှင့် စာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး မဂ္ဂဇင်းတွင်ဖော်ပြပါရှိသော စာရေးဆရာ လင်းထိုက်တင်လှိုင် ရေးသားထားသည့် ကျောက်ဆည်မင်မိုရီကဗျာအားရွတ်ဆို၍ မဂ္ဂဇင်းဖြစ်မြောက်ရေး ပံ့ပိုးကူညီခဲ့သော ကြော်ငြာစီးပွားရေးလုပ်ငန်းရှင်းများကိုယ်စား ဦးဇော်ဝင်းက မုဒိတာစကားများ‌ပြောကြားခဲ့ကာ မြို့နယ်စာရေးဆရာအသင်းနာယက ဦးစိုးမြင့်ဒွဏ်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သက်မောက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)