စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး




စဉ့်ကိုင်   ၊ မေ  ၁၀

နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှု‌စေရေး၊ အသိပညာဗဟုသုတတိုးပွား‌စေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များအဆင့်မြှင့်တင်နိုင်‌ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် မြို့နယ်အတွင်းရှိ မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ‌မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့်တာဝန်ရှိများက ယမန်နေ့မွန်းလွဲ ၂နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံ၍ မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့်တာဝန်ရှိသူများက သင်္ဂတုံကျေးရွာသို့ သွားရောက်၍ နိုင်ငံတော်အစိုးရမှ စာကြည့်တိုက်ဖွင့်လှစ်နိုင်ရန် ကူညီထောက်ပံ့‌ပေးမည့်ရန်ပုံငွေနှင့် သင်္ဂတုံကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အသစ်ဆောက်လုပ်နိုင်ရန်မြေနေရာအား ၎င်းကျေးရွာရှိ ကွင်းအမှတ်(၇၅)၊ မြေဧရိယာ (၀.၀၅၅)ဧကရှိ‌သော သာသနဓဇ‌ကျောင်းတိုက် သာသနာ့မြေ‌နေရာတွင် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ရန်နိုင်ရပ်ကွက် “အားမာန်သစ်” စာကြည့်တိုက်နှင့် အုန်းပင်ခြံရပ်ကွက် စာကြည့်တိုက်များမှ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူးများ၊ ကော်မတီဝင်အဖွဲ့များနှင့်တွေ့ဆုံ၍  မြေပြင်၌ အမှန်တကယ်ရှင်သန်စေရန်အတွက် စာကြည့်တိုက်အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ယခုလိုတွေ့ဆုံရခြင်းဖြစ်‌‌ကြောင်း စာကြည့်တိုက်ဖွင့်ချိန်၊ ပိတ်ချိန် စနစ်တကျဆောင်ရွက်ရေး၊ စာအုပ်စင်၊ စာအုပ်ဗီရိုများပြည့်စုံရေး၊ စာအုပ်၊ စာစောင်များ ပိုမိုများပြားစွာရရှိရေး၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရေး စသည်တို့ကို ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် “အားမာန်သစ်” စာကြည့်တိုက်မှူး ဦးသန်း‌ဌေးက စာကြည့်တိုက်အား အဆင့်မြှင့်တင်ရန်အတွက် ထောက်ပံ့မှုများရရှိပါက အမြန်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း “အားမာန်သစ်”  စာကြည့်တိုက်၌ အမှန်တကယ်စာဖတ်သူ၊ စာငှားသူများ နေ့စဥ်လာရောက်ငှားရမ်းကြသဖြင့် လက်ရှိတွင်လည်း ရှင်သန်လျက်ရှိနေပြီး ထောက်ပံမှုများရှိပါက ပိုမိုရှင်သန်ခိုင်မာအောင် ကော်မတီဝင်များနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ၎င်းနောက် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၏တင်ပြချက်များ၊ စာကြည့်တိုက်မှူး၏တင်ပြဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ပြန်လည်​ညှိုနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ကျော်စွာ (စဉ့်ကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)