ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံများ အမိုးလန်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံများ အမိုးလန်ပျက်စီး




ကျောက်မဲ၊ မေ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့နံနက် ၅ နာရီဝန်းကျင်ခန့်က မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၈ ရွာမှ လူနေအိမ် ၇၉ အိမ်၊ ဘုန်းကြီးကျောင်းဆောင် ၄ ဆောင်၊ စာသင်ကျောင်းဆောင် ၂ ဆောင်၊ ဝန်ထမ်းအိမ်ယာ ၁ အိမ် အမိုးလန်ပျက်စီးခဲ့ပြီး ဓာတ်တိုင် ၂၆ တိုင် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းလေပြင်းတိုက်ခတ်မှုကြောင့် ခိုမုန်းကျေးရွာအုပ်စု၊ ပေါက်အင်းကြီးကျေးရွာအတွင်းရှိ လူနေအိမ် (၇)လုံး၊ ပေါက်အင်းလေးကျေးရွာအတွင်းရှိ ပေါက်အင်းလေး အ.မ.က စာသင်ကျောင်း (၆၀×၃၀)၊ သွပ်မိုး/အုတ်ကာ (၁)ထပ် အဆောက်အဦ၊ စာသင်ကျောင်းအတွင်းရှိ  ဝန်ထမ်းများနေအိမ် (၂ဝx၂ဝ) သွပ်မိုး/ထရံကာ (၁)ထပ်အဆောက်အဦ၊ ပေါက်အင်းလေးကျေးရွာအတွင်းရှိ လူနေအိမ် (၁၂) လုံး၊ စခန်းသာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာတွင် လူနေအိမ် (၂၁)လုံးနှင့် ပိန္နဲကုန်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံကျောင်းဆောင် (၁)ဆောင်၊ မြင်းကွင်းကျေးရွာတွင် လူနေအိမ် (၁၁)လုံးနှင့် မြင်းကွင်းတောရဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ စခန်းသာကျေးရွာတွင် စာသင်ကျောင်း (၉၀×၃ဝ) သွပ်မိုး/အုတ်ကာ၊ (၁)ထပ်အဆောက်အဦ (၁)လုံးနှင့် လူနေအိမ်(၂)လုံး၊ ခမ်းဆာကျေးရွာတွင် လူနေအိမ် (၁၇)လုံး၊  လုံဝယ်ကျေးရွာတွင် လူနေအိမ် (၁၅)လုံးနှင့် လုံဝယ်ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်(၂)ဆောင်၊ ပန်လော့ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် လူနေအိမ် (၉)လုံးတို့ အမိုးလန်ပျက်စီးခဲ့ပြီး စခန်းသာကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာအနီးရှိ 33 KV ပန်ပေါင်း-စခန်းသာဓါတ်အားလိုင်း (၁၀မီတာ) ကွန်ကရစ်တိုင် (၂၄)တိုင် ကျိုးကျပျက်စီးခဲ့ပြီး 11 KV စခန်းသာ ဓါတ်အားလိုင်းရှိ (၁၀မီတာ) ကွန်ကရစ်တိုင် (၂)တိုင်၊ စုစုပေါင်း (၂၆)တိုင် ကျိုးကျပျက်စီးခဲ့ပါကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

အဆိုပါ နေအိမ်အမိုးလန်ပျက်စီးမှုများအတွက် သက်ဆိုင်ရာ ပြည်သူများအား အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး မြို့နယ်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ စီစဉ်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။


မိုင်းထွန်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)