မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်မှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်မှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်


မြဝတီ၊ မေ ၁

ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပြန်လည်ဖွင့်လှစ်ခဲ့ကာ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ယနေ့နံနက်ပိုင်းက လုပ်ကိုင်ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်၍ မြဝတီကုန်သွယ် ရေးဇုန် OSS တွင် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့မှုလုပ်ငန်းစဉ်များကို MANUAL စနစ်ဖြင့် ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲက စတင်ဆောင်ရွက်သည်။

မြန်မာနိုင်ငံ၏ကုန်စည်စီးဆင်းရာ ဝင်ပေါက်တစ်ခုဖြစ်သည့် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို ပုံမှန်လည်ပတ်နေပြီဖြစ်သော်လည်း MoU စနစ်ဖြင့် တစ်ဖက်နိုင်ငံသို့သွားရောက်လုပ်ကိုင်နေသည့် လုပ်သားများကို ကြိုဆိုနေရာချထားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် တင်ပြထားပြီးဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်အတွက် အခွန်ဝင်ငွေအားဖြင့်မြန်မာငွေကျပ် ၄၁၄၆၅ ဒသမ ၆၉၉ သန်း၊ အခြားအခွန်ရငွေ ကျပ် ၄၄၈၅ ဒသမ ၂၆၅ သန်း စုစုပေါင်းအခွန်ငွေကျပ် ၄၅၉၅၀ ဒသမ ၉၆၄ သန်းတိတိ ရှာဖွေပေးနိုင်ကြောင်းနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအား ယခင်နှစ်ထက် ပိုမိုဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)