နတ်မောက်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

 



နတ်မောက်  ၊   မေ  ၁၁


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မီးမတော်တဆမှုများနှင့် ပတ်သတ်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပွင့်လင်းရာသီသို့ ရောက်ရှိလာသဖြင့် မီးလောင်မှု၊ မီးလှန့်မှုဖြစ်ပွားလာပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နတ်မောက် မြို့မရဲစခန်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိက မီးလောင်မှုဖြစ်ပွားပါက စတင်ဆောင်ရွက်ရမည့် အချက်များနှင့် မီးလောင်မှုဖြစ်ပေါ်စေသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များကမီး သတ်ယာဉ်ဖြင့်မီးငြှိမ်းသတ်ဇာတ် တိုက်လေ့ကျင့် သရုပ်ပြသခဲ့ပြီးမြို့ နယ်ရဲစခန်းအတွင်းရှိ မိသားစုဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်းများအား မီးလောင်မှုဖြစ်ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေး မီးသတ်ဆေးဘူးဖြင့် အသုံးပြုနည်းလမ်းနှင့်ရေစိုအ ဝတ်ဖြင့်ဖုံးအုပ်ငြှိမ်းသတ်သည့် နည်းလမ်းများကို တစ်ဦးချင်းအလိုက် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့သည်။ အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်၏ မိသားစုဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)