ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

7

ဟိုင်းကြီးကျွန်း ၊   မေ ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးသို့ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဟိုင်းကြီးကျွန်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသလိုအပ်ချက်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဒေသလုံခြုံရေး အခြေအနေများ၊ ဒေသတွင်း ရေတော်၊ မိုးတော်ဧကများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ချ ကြဲပက်မြေမြှုပ်စိုက်ပျိုးရေး အခြေအနေများနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ဟိုင်းကြီးကျွန်းမြို့အား Clean City၊Green City၊Smart City ဖြစ်လာစေရေး အခြေအနေများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နံနက်(၁၁)နာရီအချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။


လှိုင်မျိုးအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages