ရွှေတောင်မြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်( ၄၁) လုံးပြိုကျခဲ့ပြီး လူနေအိမ်( ၂၁၀) လုံး၊ ဘုန်းကြီးကျောင်း ( ၅)ကျောင်း အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်( ၄၁) လုံးပြိုကျခဲ့ပြီး လူနေအိမ်( ၂၁၀) လုံး၊ ဘုန်းကြီးကျောင်း ( ၅)ကျောင်း အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်

 





ရွှေတောင် ၊  မေ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ မေ (၉)ရက်နေ့ ညနေပိုင်းကရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်( ၄၁)  လုံးပြိုကျခဲ့ပြီး လူနေအိမ်( ၂၁၀) လုံးဘုန်းကြီးကျောင်း ( ၅)ကျောင်း အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအားထောက်ပံ့ငွေ   နှင့် ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

     အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ( ပြည်) ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်အဖွဲ့ဝင်များ၊ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး ၊ ဆန်ရိက္ခာဖိုးစုစုပေါင်းထောက်ပံ့ငွေ  ( ၁၄၂၂၅၅၀၀ိ/-) ကျပ်ပေးအပ်ထောက်ပံ့ခဲ့ပြီး ပြိုကျနေအိမ် ( ၄၁) လုံးအတွက် တစ်အိမ်လျှင် ပစ္စည်း (၁၇) မျိုးပါ ပုံး( ၁)  ပုံးစီတို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

    ဆက်လက်၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ( ပြည်) ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်အဖွဲ့ဝင်များ၊ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊   ရွှေတောင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့် အဖွဲ့ဝင်များက လေဘေးသင့်ကျေးရွာအုပ်စုများဖြစ်သော မီးလောင်ကျေးရွာအုပ်စုနှင့် ဝါးတောကျေးရွာအုပ်စုသို့ သွားရောက်ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)