ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေစပါးနှင့် နွေနှမ်းစံပြကွက်စိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေစပါးနှင့် နွေနှမ်းစံပြကွက်စိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကွင်းဆင်းကြည့်ရှု






ပွင့်ဖြူ  ၊   မေ ၁၃


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေစပါးနှင့် နွေနှမ်းစံပြကွက်စိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ သီးနှံအထွက်နှုန်း တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူဦးဆန်းဝင်း၏ ကွင်းအမှတ် (၉၀၅) နွေနှမ်းအထွက်တိုးစံပြကွက်(၇)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကြည့်ရှုအားပေးပြီး ‌ဝောာင်သူများနှင့်တွေ့ဆုံကာ ဆီစားသုံးမှုဖူလုံစေရေးနှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် တစ်ဧက ပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ကျောင်းစုကျေးရရွာကွင်းအမှတ်(၇၈၄) တောင်သူ(၁၈)ဦး၏ စုပေါင်းစိုက်ပျိုးထားသော အထွက်တိုးဆာဖိုးသာ စပါးမျိုး အကွက်ကျယ်စံပြကွက်ဧက(၅၀)တွင် နွေစပါးဥကပ်ပါးနဂျီလွှတ်ခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲသို့တက်ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ နွေသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရေး သီးနှံအလိုက် လျာထားဧကများ ပြည့်မီအောင် စိုက်ပျိုးကြရန် ၊ ထိုသို့စိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အသုံးပြုရာတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝဓာတ်မြေဩဇာ၊ သဘာဝပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေကို အကျိုးရှိရှိအသုံးချရန်နှင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် အချိန်အခါအလိုက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့က စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ စုပေါင်းဆောင်ရွက်သည့် နွေစပါးအထွက်တိုးဆာဖိုးသာစပါးမျိုး အကွက်ကျယ်စံပြကွက်စိုက်ခင်းအတွင်း သီးနှံအထွက်နှုန်းတိုးတက်မြင့်ရေး ဥကပ်ပါးနဂျီလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)