ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း တာဝန်ရှိသူများအား တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း တာဝန်ရှိသူများအား တွေ့ဆုံ






နေပြည်တော်၊ မေ ၂၆

 ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ်၊ မေလ(၂၃)ရက်နေ့၊ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းများ ထုတ်လုပ်သူများ အသင်းမှတာဝန်ရှိသူများနှင့် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

 တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ လိုအပ်သော အခြေခံအဓိကဆေးနှင့် ဆေးပစ္စည်းများကို ပြတ်လပ်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများအတွက် ဆေးနှင့် ဆေးပစ္စည်းများကို ဝယ်ယူဖြန့်ဖြူးခြင်း ဆောင်ရွက်ရာတွင် အရန်စုဆောင်းထားရှိခြင်း(Stock Piling) တို့အား ဆောင်ရွက်ပြီး ဆေးဝါးပြတ်လပ်မှုမရှိစေရေး စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးအတွက် ပြည်သူလူထုမှ စိုက်ထုတ်ကုန်ကျစရိတ် အတတ်နိုင်ဆုံးနည်းပါအောင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်  စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းအောက်ရှိ စက်ရုံများမှ အဓိကထား၍ ဝယ်ယူလျက်ရှိပြီး  ပြည်တွင်းထုတ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံများမှလည်း ဝယ်ယူလျက်ရှိပါကြောင်းနှင့် ပြည်တွင်းဆေးဝါးထုတ်လုပ်သော စက်ရုံများမှလည်း ဆေးဝါးအမျိုး အမည် စုံလင်စွာထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပြည်တွင်း၌ ဆေးဝါးထုတ်လုပ်မှုများ တိုးတက်လာစေရေးအတွက် ဆေးဝါးကုန်ကြမ်းများကို အဓိကထား တင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း၊  အခြေခံအဓိက ဆေးဝါးများ၊ ပဋိဇီဝ ဆေးဝါးများ၊  အားဆေးများနှင့် အသုံးများသည့် ဆေးဝါးများကို  ပြည်တွင်းတွင် အဓိကထား၍ လုံလောက်အောင် ထုတ်လုပ်ပေး စေလိုပါကြောင်း၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသည်များ အတွက် အသုံးပြုသည့် ဆေးဝါးများအပြင် ကင်ဆာရောဂါကုသဆေးဝါးများကိုလည်း ဝယ်ယူထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ပြောင်းလဲလာသော ဆေးကုသမှုပုံစံများအရ ဆေးဝါးအသစ်များကို သုံးစွဲလာ ကြသဖြင့် ဆေးဝါးအသစ်များ ထုတ်လုပ်နိုင်ရေး တိုက်တွန်းလိုပါကြောင်း၊ ပြည်တွင်း/ပြည်ပမှ မိတ်ဆွေ၊ မိတ်ဖက်အသစ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်ခြင်းအားဖြင့် ဆေးဝါးထုတ်လုပ်မှု အရည် အသွေးတိုးတက်လာခြင်းနှင့် နည်းပညာသစ်များကို ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်စေကြောင်း၊  ပြည်တွင်းပုဂ္ဂလိက ဆေးရုံများတွင်လည်း ပြည်တွင်းထုတ်ဆေးဝါးများ သုံးစွဲမှုများ စေရန် အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံ/ဌာန များမှ အခြေခံဆေးဝါးလိုအပ်ချက်များကို ပြည်တွင်းထုတ်စက်ရုံများမှ သိရှိနိုင်ရေးအတွက် သတင်း အချက်အလက်များ မျှဝေပေးသွားမည်ဖြစ်ကြောင်း၊ ဆေးဝါးဈေးကွက်ဈေးနှုန်းတည်ငြိမ်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။

 ဆက်လက်၍ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းများ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ ဆေးဝါးထုတ်လုပ်နေမှုအခြေအနေများနှင့် ဆေးဝါးဈေးနှုန်းတည်ငြိမ်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်ဆေးဝါးများ၏ အရည်အသွေးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်ခြင်း၊ နည်းပညာမျှဝေခြင်းတို့ကို ဆောင်ရွက်နေပါကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်းတွင်သာ အဓိကထုတ်လုပ်သည့် အတွက် ဆေးဝါးဈေးနှုန်းများကို လျော့ချနိုင်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ဆွေးနွေးခဲ့ပါသည်။ 

 အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)