ဖျာပုံမြို့နယ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း တိုးထွက်ရှိရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)စု​ပေါင်းကြဲပက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း တိုးထွက်ရှိရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)စု​ပေါင်းကြဲပက်





ဖျာပုံ  ၊ မေ ၅


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာရှမ်းကွင်းကျေးရွာ၊ တောင်သူဦးမောင်မောင်၏ ကွင်းအမှတ်(၄၅၇ A)၊ ဦးပိုင်အမှတ်(၁၉/၁)   မိုးစပါးရေတော်မိုးတော်(၈)ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်​စေပြီး စပါးအထွက်နှုန်းတိုးတက်စေရန်နှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ရေး၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်းတိုးထွက်ရှိရေး လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ စုပေါင်းထည့်သွင်းကြဲပက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး  ဦးဇော်ဝမ်း ၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ဖျာပုံခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဥမ္မာအေးနှင့်ဝန်ထမ်းများ၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စုမှတောင်သူများသည် ကွင်းအမှတ် (၄၅၇ A)၊ ဦးပိုင်အမှတ်(၁၉/၁)တောင်သူဦးမောင်မောင်၏ လယ်မြေ(၈) ဧကပေါ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းထည့်သွင်းကြဲပက်ကြသည်။

ဆက်လက်၍ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဥမ္မာအေးက "လယ်ယာမြေအတွင်း သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးရခြင်းအားဖြင့် အချိန်တိုအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့်သစ်ဆွေးဓာတ်များရရှိနိုင်ကြောင်း၊ လယ်မြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီးအကျိုးပြု အနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်သန်တိုးပွားစေနိုင်ကြောင်း၊ ပိုက်ဆံလျှော်စိုက်ပျိုးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိရရှိနိုင်ပြီး၊ ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့်ညီမျှသော နိုက်ထရိုဂျင်ဓာတ်များရရှိနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှုလျော့နည်းစေကာ မြေဆီလွှာ၏ အချဥ်ဓာတ်ကိုလည်းထိန်းညှိပေးသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ ဖျာပုံမြို့နယ်အနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ရေးနှင့် တစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာများကို မြို့နယ်အတွင်းရှိ ရေတော်မိုးတော်ဧကများတွင် ထည့်သွင်းကြဲပက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း"ပြောကြားသည်။

အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)