မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ


မင်းလှ၊ မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းကွေ့၌ စိုက်ထူခဲ့သည်။

အခမ်းအနားတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးသိန်းဇော်ဖြိုးမင်း၊ ဒုတိယမြို့နယ်ပညာ‌ရေးမှူး ဒေါ်ခင်သန္တာမိုးနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများက ဆိုင်းဘုတ်အား စိုက်ထူကာအမွှေးနံ့သာများပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ကြသည်။

မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိဖြစ်ပြီး အဆိုပါကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူရခြင်းမှာ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာ‌ရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/သူများ၊ မိဘများ၊ ဆရာ/ဆရာမများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ပေါက်စ(မင်းလှ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)