ပေါက်ခေါင်းမြို့၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်


ပေါက်ခေါင်း  ၊  မေ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် "ခေါင်းဆောင်မှုနဲ့စီမံခြင်း" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကိုတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကိုပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး၊ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် " ခေါင်းဆောင်မှုနဲ့စီမံခြင်း" စာအုပ်မှ  ခေါင်းဆောင်မှုနဲ့စီမံခြင်း၊ စိတ်အလှကိုပြကြပြိုင်ကြပါ၊ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ၊ လူငယ်နှင့်အနာဂတ်စီမံကိန်း၊ သင်ကအလုပ်ကိုချစ်လျှင်စသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်၊ Book Club အဖွဲ့ဝင် ဦးတင်ဝင်း၊ အဖွဲ့ဝင် ဦးဝင်နိုင်၊ မလေးချို(ပေါင်းတည်)၊ Youth Club အဖွဲ့ဝင် မောင်ချမ်းမြေ့အောင်တို့က အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ၊ (Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)နှင့် စာပေချစ်သူလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)