ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ အခြေခံကဗျာရေးနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ အခြေခံကဗျာရေးနည်းသင်တန်းဖွင့်လှစ်



ရွှေတောင် ၊ မေ  ၄

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) နှင့်ပူးပေါင်း၍ အခြေခံကဗျာရေးနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

        ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်ယုနိုင်

အေပရယ်ယုနိုင်- ရွှေတောင် က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်း ဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်ကျောင်းသားကျောင်းသူ လူငယ်များ မြန်မာစာပေကို ပိုမိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။ 

     အဆိုပါ အခြေခံကဗျာရေးနည်းသင်တန်းတွင် နည်းပြဆရာများအဖြစ် ဒေါ်မြတ်နွယ်( April Moon) ၊ ဒေါ်ယမင်းရွှေစင် (ပယင်းဥ)နှင့်ဦးအောင်ကျော် (အောင်ကျော်- ရွှေတောင်)တို့က အခြေခံ ကဗျာရေးသားနည်းသင်ခန်းစာများအနက် သံပေါက်ကဗျာရေးစပ်နည်းနှင့် ကလေးကဗျာရေးသားနည်း စသည်များကို သင်ကြားပို့ချ‌ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃)ရက်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)