ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကဗျာ၊စာစီစာကုံးနှင့် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကဗျာ၊စာစီစာကုံးနှင့် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပ






ရွှေတောင်  ၊  မေ- ၉

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား  စာဖတ်သူမှသည် စာရေးသူများဖြစ်လာ စေရန်နှင့် မျိုးဆက်သစ်စာရေးဆရာများပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကဗျာ၊ စာစီစာကုံးနှင့် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပခဲ့သည်။

      အခမ်းအနားတွင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ  ဒေါ်ငြိမ်းငြိမ်းသန့်က စာပေချစ်သူများအသင်း Book Club ၏ မုဒိတာ စာဖတ်ဝိုင်း (၅)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆရာမကြီး    ဒေါ်မြတ်နွယ် ဧပရယ်မွန်းက ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

      ထို့နောက် ကျောင်းသား ၊ကျောင်းသူလေးများက  ကဗျာ၊စာစီစာကုံးနှင့်ဝတ္ထုတိုပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ကျောင်းသား ၊ကျောင်းသူ ( ၂၀) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို စာပေချစ်သူများအသင်း Book Club (၅)နှစ်ပြည့်အခမ်းအနားတွင် ပေးအပ်ချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။

       ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲနှင့်ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်းအသိပညာပေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)