တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား ထပ်မံအရေးယူဆောင်ရွက်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား ထပ်မံအရေးယူဆောင်ရွက်ခြင်း



၁။ အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိ ကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/ အရောင်း ဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါသည်။


(က) ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင်

(ခ) Moe Latt

(ဂ) Si Thu & bro များ

(ဃ) ရန်ကုန်ငွေဈေး

(င) ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange

(စ) ဒေါ်လာရောင်းဝယ်

(ဆ) December Snow

(ဇ) June Lin Htet Naing

(ဈ) Htet Yan Money Exchange

(ည) Global Value Services-GVS Money Exchange and Transfer

(ဋ) Boss Online Money Exchange Services (Family Money Exchange)

(ဌ) Lucky Sky Gold Smith (Facebook Page)

(ဍ) Nay Myo Htet (Facebook Page)

(ဎ) Gold Market Myanmar (Facebook Page)

(ဏ) Ye Mon

(တ) Naing Lu


၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့သော အဖွဲ့အစည်းများအား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း စောင့်ကြည့်အရေးယူသွားမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းများကိုလည်း ပြည်သူလူထုသိရှိရန် ကြေညာထုတ်ပြန်လျက်ရှိပါသည်။


၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားပြီး နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့်ရှိသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၌သာ လဲလှယ်ရောင်းချဝယ်ယူသွားရန် ထပ်မံအသိပေးအပ်ပါသည်။


၄။ အထက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင်နိုင်ငံခြားငွေများရောင်းဝယ်၍ ငွေဈေးကစားနေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့်ပါ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်


၂၆-၅-၂၀၂၄


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)