အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး







ရန်ကုန်  ၊   မေ      ၁၆


ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် သို့ ရောက်ရှိပြီး အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာ မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုကဲ့သို့ ကြည့်ရှုစစ်ဆေးရာတွင် ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာ မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်း စဉ်များနှင့် ပတ်သတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ(ဓမ္မဒူတ)အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ 


အဆိုပါ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ၂၀၂၄ - ခုနှစ် မေလ (၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 


နိုင်လင်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)