မြစ်ကြီးနားမြို့တွင် KIA/PDF အကြမ်းဖက်သမားများ၏ လက်နက်ကြီး ထိမှန်၍ ၃ဦး သေဆုံး၊ ကိုယ်လက်အင်္ဂါဆုံးသူများရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့တွင် KIA/PDF အကြမ်းဖက်သမားများ၏ လက်နက်ကြီး ထိမှန်၍ ၃ဦး သေဆုံး၊ ကိုယ်လက်အင်္ဂါဆုံးသူများရှိ






မြစ်ကြီးနား၊ မေ ၁၉

မြစ်ကြီးနားမြို၊ ပမ္မတီးရပ်ကွက် အများပြည်သူ‌ နေအိမ်များသို့ ၁၈-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက KIA/PDF အကြမ်းဖက်သမားများက ရက်စက်ယုတ်မာစွာ ဦးတည်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့‌ဒေသခံ ပြည်သူ ၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်အချိုပျက်စီးဆုံးရှုးခဲ့သည်။

သေဆုံးခဲ့ရသူများထဲတွင် ကျောင်းသားတစ်ဦး ပါဝင်ပြီး ထပ်မံရရှိသောသတင်းအရ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူများအနက် ကိုယ်လက်အင်္ဂါများ ထိခိုက် ဆုံးရှုံးခဲ့သူများရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ဒေသခံ၊ မြိုခံပြည်သူအားလုံးအနေနဲ့ KIA/PDF အကြမ်းဖက်အဖွဲ့၏ ယခုကဲ့သိုရက်စက်ယုတ်မာသော ဖြစ်ရပ်ဆိုးများ ထပ်မံမကြုံတွေ့ရစေရန်အတွက် အကြမ်းဖက်လုပ်ရပ်များအ‌ပေါ်  ပြင်းထန်စွာရှုတ်ချပြီး တာဝန်ရှိအဖွဲအစည်းများနှင့်ပူး‌‌ပေါင်းကာ မိမိမြို့၊ ရပ်ကွက်၊ ကျေးရွာတို့ မပျက်စီး‌‌စေဖို့ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးကြဖို့ လိုအပ်လျက်ရှိသည်။

ယမန်နေ့က ထွက်ပေါ်လာသည့် ရုပ်သံတစ်ခုတွင် KIA/PDF အကြမ်းဖက်သမားများက ကချင်အမျိုးသားတစ်ဦးအား ရက်စက်စွာ ဝိုင်းဝန်းနှိပ်စက်နေကြသည်ကို မြင်တွေ့ရသည်။


Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)