ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး မြစ်ကြီးနား၊ ဗန်းမော်တွင်လည်း KIA/PDF အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး မြစ်ကြီးနား၊ ဗန်းမော်တွင်လည်း KIA/PDF အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းနေရ



နေပြည်တော်၊ မေ ၂၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ နယ်မြေခံတပ်ရင်းများသို့ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းလျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ယမန်နေ့က ဖြစ်ပေါ်ခဲ့သော တိုက်ပွဲသတင်းများ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ အင်အား အနည်းငယ်သာရှိတဲ့ ရှေ့တန်းကင်းစခန်းများကို ဆုတ်ခွာပြီး တပ်ရင်းဌာနချုပ်များ၊ အချက်အချာကျသည့် စခန်းများတွင် ပူးပေါင်းခံစစ်ဆင်လျက်ရှိကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲများ ဆုတ်ခွာခဲ့သည့်စခန်းများအား KIA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း သတင်းများထုတ်ပြန်ပြီး ပြည်ပမီဒီယာများ အားကိုးဖြင့်စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်လျက်ရှိသည်။

မြေပြင်အခြေအနေတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် KIA အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးများပြားနေပြီး သေဆုံးဒဏ်ရာ ရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများကို မီဒီယာများပေါ်သိုမရောက်ရှိစေရန် အလောင်းကောက်အဖွဲများ သီးခြားတာဝန်ပေးပြီး လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

အလောင်းမကောက်နိုင်ဘဲ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားသည့် ရွှေညောင်ပင်အနီး တိုက်ပွဲဖြစ်စဉ်တွင် လက်နက်ကြီးထိမှန်သေဆုံးနေသော KIA ၃ လောင်း၊ အေကေ(၄၇) ၁ လက်၊ ၄၀ မမဗုံးပစ်လောင်ချာ ၁ လက် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့၊ နန်ပေါင်ရှိ နယ်မြေခံတပ်နှင့် ဗန်းမော်မြိုရှိ နယ်မြေခံဌာနချုပ်များအား KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က ၁၂၀ မမ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် ရန်သူလာရောက်ပစ်ခတ်ရာ နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းကျေးရွာဝန်းကျင်တစ်ဝိုက် အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းစဉ် ကျွဲမင်းကုန်းရွာ အနောက် တောင်ဘက်သို့အရောက် PDF အကြမ်းဖက်သမား ၃၀ ဦးခန့်အား တွေ့ရှိသဖြင့် နှိမ်နင်းဆောင်ရွက်ခဲ့ရပြီး အကြမ်းဖက်သမားများ  ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ PDF ၄ လောင်း၊ အမ်(၁၆) ၄ လက်၊ အမ်(၄) ၁ လက်၊ ကျည်အိမ် ၅ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင်း လုံခြုံရေးဆောင်ရွက်ရာနေရာ ၄ နေရာသို့ အကြမ်းဖက်သမား အင်အား ၈၀ ဦးခန့်က Drone များဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။


ပြည်ဖျက် မီဒီယာများတွင် တွန်းဇံမြို့အား CNF အကြမ်းဖက်သမားများက သိမ်းပိုက်လိုက်ကြောင်း သတင်းများပြန့်နှံနေသော်လည်း မြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် ပြင်းထန်စွာ ချေမှုန်းတိုက်ခိုက်နေပြီး စစ်ကူစစ်ကြောင်းများ ဖြည့်တင်းပေးပြီး အကြမ်းဖက်အုပ်စုများကို ခြေမှုန်းနှိမ်နင်းလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)