လားရှိုးမြို့အနီးဝန်းကျင်တွင် ယာယီအပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး MNDAA အကြမ်းဖက်အဖွဲ့ဝင်များက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့အနီးဝန်းကျင်တွင် ယာယီအပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး MNDAA အကြမ်းဖက်အဖွဲ့ဝင်များက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်

 


နေပြည်တော်၊ မေ ၁၅

ရှမ်းပြည်(မြောက်ပိုင်း)၊ လားရှိးမြို့ အရှေ့မြောက်ဘက်၌ လုံခြုံရေးဆောင်ရွက်နေစဉ် ယမန်နေ့က MNDAA အကြမ်းဖက်သမား အင်အား ၁၅ ဦးခန့်က မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိကာ ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက် ရှင်းလင်းခဲ့ရသည်။

MNDAA အကြမ်းဖက်အဖွဲ့သည် ယာယီအပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး လုံခြုံရေးတပ်များ အခြေပြုနေရာသို လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ရန်သူထိခိုက်မှု စုံစမ်းဆဲဖြစ်ပြီး တပ်မတော်သားများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိင်လင်းမြို့အနီး တပ်မတော်မှ သိမ်းယူထားသော ထီးစဲခါးတံတားရှိ ရဲကင်းစခန်းအား ယမန်နေ့က KNDF/PNLO နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က နေရာ ၂ နေရာမှ Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ရွာရှည်ကျေးရွာ၌ အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ ယမန်နေ့က သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမားများက ကျေးရွာနေအိမ်များအား မီးရှိထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက် ၁ လောင်း၊ လက်လုပ်သေနတ် ၅ လက် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ အလယ်ခင်းကျေးရွာတွင် လက်နက်/ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်သမားတစ်ဦးအား FCG-9 လက်လုပ်သေနတ်အတို ၃၀ လက်၊ ကျည်အိမ် ၄၀ ခု၊ ၉ မမကျည် ၁၅၀၀ တောင့်၊ Remote ၁၅ ခု၊ Reciver ၄၅ ခု၊ မိုင်းမျိုးစုံ ၃ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ ယမ်းကြိုး ၁ ခွေတိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဖြူးမြို အရှေ့မြောက်ဘက်၌ ပေါက်ကွဲသံကြားရသဖြင့် သွားရောက်ရှင်းလင်းစစ်ဆေးခဲ့ရာ မြို့ချောင်းနှင့် အောင်စည်ယွန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဖြူးချောင်း၊ ချောင်းကူးသံကူကွန်ကရစ်တံတားမှာ မြို့ချောင်း ကျေးရွာဘက်ခြမ်း အရှည် ၅၀ ပေခန့် ပြိုကျပျက်စီးလျက်ရှိကြောင်းနှင့် လူ/ယာဉ် ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)