ပေါင်မြို့နယ်၌၂၀၂၄ခုနှစ်၊မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS)စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်မြို့နယ်၌၂၀၂၄ခုနှစ်၊မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS)စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းပြုလုပ်

1

2

3

4


ပေါင်   ၊မေ     ၁၇


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌၂၀၂၄ခုနှစ်၊မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS)စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့ နံနက်( ၁ဝ )နာရီက စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦး‌ကျော်စွာလှိုင်က တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် RS မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားရာ တောင်သူများကသိရှိလိုသည့်အ‌ကြောင်းအရာများကို

မေးမြန်း‌ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က မိုးစပါးများအထွက်နှုန်းတိုးမြင့်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပေါင်မြို့နယ်အတွင်းမိုးစပါး(RS-CS)မျိုးစေ့ထုတ်တောင်သူများ၏ စံပြစိုက်ကွက် ဧက(၅၀) အတွက် ပေါ်ဆန်းရင် RS မျိုးသန့်မျိုးစပါး တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း (၅၀)အား တောင်သူများအားပေးအပ်ခဲ့သည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ကတောင်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆွေးနွေးခဲ့သည်။အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages