မောင်တော၊ ဇွန် ၂၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့အတွင်း ယနေ့ AA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် (၇)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်အနာတရ ဖြစ်ရသည့် အခြေအနေများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ ဆက်သွယ်သတင်းပေးပို့ချက်အရ "မောင်တောမြို့ထဲကို AA က (၇ခါ၊ ၈ခါ)ထက်မနည်း လာပြီးတော့ပစ်တယ်ခင်ဗျာ၊ အနာတရတွေလည်းအများကြီးရှိတယ်လို့သိရပါတယ်။ ဓါတ်ပုံတွေကိုတော့ ကျွန်တော်တို့မရနိုင်ပါဘူးခင်ဗျာ ဟု ဆက်သွယ်ပြောဆိုသည်။
ယနေ့ AA အကြမ်းဖက်အဖွဲ့က တပ်မတော်သားများနှင့် ရွာခံများက ဘန်ကာ ပြုလုပ်နေပုံကို ဒရုန်းဖြင့် မှတ်တမ်းရယူ၍ တပ်မတော်သားများနှင့် တပ်မတော်က လေ့ကျင့်ပေးထားသော လက်နက်ကိုင် မူစလင်များက WFP ဂိုဒေါင်များကို ဖောက်ယူနေကြောင်း၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်းဖြင့် လုပ်ကြံသတင်း ဖန်တီး ဖြန့်ဝေထားသည်ကိုလည်း တွေ့မြင်ရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment