မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် FATF က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက်ရှိကြောင်း ဗဟိုဘဏ် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် FATF က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက်ရှိကြောင်း ဗဟိုဘဏ် ထုတ်ပြန်


နေပြည်တော်၊ ဇွန် ၉

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံအား တိုးမြှင့်စောင့် ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း(Jurisdictions under increased monitoring)မှ စိစစ်ဆောင်ရွက်မှုပြုရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်ဒေသများ စာရင်း (High-Risk Jurisdictions subject to a call for Action)သို့ ပြောင်းရွှေ့ထည့်သွင်း ခြင်းခံရမှုအခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံ၏ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်တိုးတက်မှုများရှိလာပြီဖြစ်ကြောင်း ဗဟိုဘဏ်က အများပြည်သူ သိရှိနိုင်စေရန် ယနေ့ (၉-၆-၂၀၂၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)လုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့်လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံသတ်မှတ်ချက်များနှင့်အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(APG)၏အကြံပြု ချက်များအတိုင်း စဉ်ဆက်မပြတ်လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများအားပြုစုပြီး အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့(Asia Pacific Joint Group-APJG)ထံသို့လေးလတစ်ကြိမ်ပေးပို့ခြင်း၊ ယင်းအဖွဲ့၏ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့များတက်ရောက်၍ APJG မှအကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင်လက်ငင်းရလဒ်(၂)ခုဖြစ်သည့်ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့်ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အတွက်ကြီးကြပ်ရေးအာဏာပိုင်များလုံလောက်စွာခန့်အပ်ခြင်းနှင့် ဘဏ်များအားကြီးကြပ်စစ်ဆေး ခြင်း၊ ၂၀၂၂ခုနှစ်တွင်လက်ငင်းရလဒ်(၁)ခုဖြစ်သည့် လူအများအပြားသေကြေစေသည့်လက်နက်များ ပြန့်ပွားရေးကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(PFTFS)အတွက် ကြီးကြပ်ရေးအာဏာပိုင်များအား သင်တန်းပေးခြင်း၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် PFTFS အတွက် သတင်းပို့အဖွဲ့ အစည်းများအားအသိပညာပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းနှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်း ရလဒ်(၁)ခုဖြစ်သည့် ကျောက်မျက်၊ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား ဆုံးရှုံးနိုင်ခြေ အခြေပြု ကြီးကြပ်စစ်ဆေးခြင်းစသည့် စုစုပေါင်းလက်ငင်းရလဒ် (၅) ခုသည် ကြီးမားစွာလိုက်နာ ဆောင်ရွက်ခြင်း အဆင့်သို့ တိုးမြှင့်ရရှိခဲ့သည်။

ထို့အပြင် APG သို့ တစ်နှစ်လျှင်တစ်ကြိမ်တင်ပြလျက်ရှိသည့် မြန်မာနိုင်ငံ၏စဉ်ဆက် မပြတ် တိုးတက်မှုအစီရင်ခံစာ၌ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများထည့်သွင်း ဖော်ပြပြီး အဆင့်သတ်မှတ်ချက်များ တိုးမြှင့်တောင်းခံခဲ့ရာ စဉ်ဆက်မပြတ်တိုးတက်မှုအစီရင်ခံစာ (၂၀၂၃)အား APG ၏ အကဲဖြတ်ချက်အရ အကြံပြုချက်(၂၅)ချက်အား စံနှုန်းသတ်မှတ်ချက် ကောင်းမွန်သည့် ကြီးမားစွာ လိုက်နာ‌ဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်ရရှိပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ၂၀၂၄ ခုနှစ် အတွင်း အကြံပြုချက် (၂) ချက်အပေါ် စံနှုန်းသတ်မှတ်ချက် တိုးတက်ကောင်းမွန်ကြောင်း အဆင့် တိုးမြှင့်ရရှိနိုင်ရန် ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ အပေါ် FATF နှင့် APG တို့ကအသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များတိုးမြှင့်ပေးလျက်ရှိပါကြောင်း အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)