နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ်စင်တာတို့ ပူးပေါင်းဆောင်ရွက်သည့် တရုတ်ဘာသာစကားသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ်စင်တာတို့ ပူးပေါင်းဆောင်ရွက်သည့် တရုတ်ဘာသာစကားသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ




 နေပြည်တော်၊ ဇွန် ၁၄

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ်စင်တာ (ASEAN-China Centre) တို့ ပူးပေါင်း ဆောင်ရွက်သည့် တရုတ်ဘာသာစကားသင်တန်း၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၃-၆-၂၀၂၄ ရက်၊ ၁၃:၃၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ-တရုတ်စင်တာ၊ အတွင်းရေးမှူးချုပ်၊ H.E. Mr. Shi Zhoungjun နှင့် တာဝန်ရှိသူများ၊ Center of Language Education and Cooperation မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို အွန်လိုင်းစနစ်ဖြင့် (၆) လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း/ အမှုထမ်း (၂၇) ဦးတို့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)