ASEAN Committee in Islamabad (ACI) ၏ လစဉ်သံရုံးအကြီးအကဲများအစည်းအဝေးသို့ မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးအောင်ကျော်သူရ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ASEAN Committee in Islamabad (ACI) ၏ လစဉ်သံရုံးအကြီးအကဲများအစည်းအဝေးသို့ မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးအောင်ကျော်သူရ တက်ရောက်



အစ္စလာမာဘတ်၊ ဇွန် ၂၇

ASEAN Committee in Islamabad (ACI) ၏ လစဉ်သံရုံးအကြီးအကဲများအစည်းအဝေး ကို ACI အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီး Mrs. Maria Agens M.Cervantes မှ ကြီးမှူး၍ ၂၆-၆-၂၀၂၄ ရက်၊ ၁၁:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံမှူးကြီး ဦးအောင်ကျော်သူရ တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် အစ္စလာမာဘတ်မြို့ အခြေစိုက် အာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများက ၆-၅-၂၀၂၄ ရက်က ကျင်းပခဲ့သည့် ACI 4/2024 အစည်းအဝေးမှတ်တမ်းကို သဘောတူညီအတည်ပြုပြီး  ဖိလစ်ပိုင်နိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။   အစည်းအဝေးပြီးနောက် တာဝန်ပြီးဆုံး၍ အစ္စလာမာဘတ်မှ ပြန်လည်ထွက်ခွာတော့မည့် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mr. Nguyen Tien Phong အား အစ္စလာမာဘတ်မြို့ အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများက အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်းနှင့် ASEAN Committee in Islamabad (ACI) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပါကစ္စတန်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Col (Rtd) Pengiran Haji Kamal Bashah bin Pengiran Haji Ahmed ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)