အာဆီယံကော်မတီ (ဆိုးလ်) (ASEAN Committee in Seoul - ACS) မှ GS Retail ကုမ္ပဏီသို့ လေ့လာရေးအစီအစဉ်အား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဦးဆောင်သွားရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကော်မတီ (ဆိုးလ်) (ASEAN Committee in Seoul - ACS) မှ GS Retail ကုမ္ပဏီသို့ လေ့လာရေးအစီအစဉ်အား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဦးဆောင်သွားရောက်





ဆိုးလ်၊ ဇွန် ၁၃

အာဆီယံကော်မတီ (ဆိုးလ်) ၏ အလှည့်ကျဉက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၏ စီစဉ်မှုဖြင့် ၁၂-၆-၂၀၂၄ ရက်တွင် ဆိုးလ်မြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ/ သံရုံးအကြီးအကဲများသည် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး လုပ်ငန်းစုကြီးတစ်ခုဖြစ်သော GS Group အောက်ရှိ GS Retail ကုမ္ပဏီသို့ သွားရောက်ကာ ကိုရီးယားရုပ်မြင်သံကြားတွင် ပြသနေသည့် ကိုရီးယားနိုင်ငံ၏ နံပါတ် (၁) နေရာတွင်ရှိသော GS Home Shopping တိုက်ရိုက် ရိုက်ကူးထုတ်လုပ်ပြသနေမှုများကို သွားရောက်လေ့လာခဲ့သည်။

ယင်းနောက် အာဆီယံကော်မတီ (ဆိုးလ်) ၏ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ/ သံရုံးအကြီးအကဲများသည် GS Retail Company မှ အမှုဆောင်အရာရှိချုပ်၊ ဒုတိယဥက္ကဋ္ဌများနှင့်အတူ နေ့လယ်စာ စားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါလေ့လာရေးခရီးစဉ်သည် အာဆီယံနိုင်ငံများနှင့် GS Retail ကုမ္ပဏီတို့အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်ရည်ရွယ်၍ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)