ရုရှားတွင် ကျင်းပသည့် နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားတွင် ကျင်းပသည့် နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်ရရှိ




ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန်လ၂၈ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော် (နဂါးလှေ‌လှော်)ပြိုင်ပွဲ (Internation Sports Festival Altai  Regatta. Dragon  Festival ) ပြိုင်ပွဲကို ယနေ့ဒေသစံတော်ချိန် ၂ နာရီ ၄၀ မိနစ်တွင် ကျင်းပခဲ့ရာ မီတာ(၂၀၀) အမျိုးသား (၁၀)တက်လှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားအဖွဲ့မှ ပထမ(ရွှေတံဆိပ်)ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။  

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ရုရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ ဥဇဘက္ကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မီတာ(၂၀၀) အမျိုးသား (၁၀)တက်လှော်ပြိုင်ပွဲတွင် စံချိန် ၄၃ ဒသမ ၆၀၂ ဖြင့်  မြန်မာနိုင်ငံက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံက ဒုတိယ(ငွေတံဆိပ်)ဆု၊ ကမ္ဘောဒီးယားနိုင်ငံက တတိယ(ကြေးတံဆိပ်)ဆု၊ ဖိလစ်ပိုင်နိုင်ငံက စတုတ္ထ၊ ပဉ္စမနေရာနှင့် ဆဋ္ဌမ‌နေရာတိုကို ရုရှားနိုင်ငံတို့က အသီးသီး ရရှိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)