မြန်မာကောင်စစ်ဝန်ချုပ်က ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မယ်ဆိုင်မြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁)နှင့် (၂)တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာကောင်စစ်ဝန်ချုပ်က ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မယ်ဆိုင်မြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁)နှင့် (၂)တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ




ချင်းမိုင်၊ ဇွန် ၂၅

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၂၁-၆-၂၀၂၄ ရက်၊ ၁၄၀၀ အချိန်တွင် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Phutthiphong Sirimat အား ၎င်း၏ရုံး၌ လည်းကောင်း၊ မယ်ဆိုင်မြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁)နှင့် (၂)တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှ ခရိုင်အဆင့် အကောက်ခွန်ဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ တာဝန်ရှိသူများနှင့် ၂၂-၆-၂၀၂၄ ရက်၊ နံနက်ပိုင်းတွင်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်။

ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က ချင်းရိုင်-တာချီလိတ်-ကျိုင်းတုံ အဝေးပြေးလမ်းမကြီး သည် အမှတ်(၂) အာရှအဝေးပြေးလမ်းမကြီးအဖြစ် ပါဝင်နေသော လမ်းကြောင်းတစ်ခုဖြစ်ရာ အနာဂတ် ကာလတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သည်ကြီးအသင်းများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် နိုင်ရေးကိစ္စ၊ ချင်းရိုင်ခရိုင်အတွင်းရှိ ချင်းရိုင်မြို့တွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအပေါ် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကောင်စစ်ရေးရာဆိုင်ရာ အကာအကွယ်ပေးရေးနှင့် စောင့်ရှောက်မှုများ ပေးအပ်ရာတွင် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် ပူးပေါင်းဆောင်ရွက်သွားလိုသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ 

ဆက်လက်၍ ကောင်စစ်ဝန်ချုပ်သည် ၂၂-၆-၂၀၂၄ ရက်တွင် မယ်ဆိုင်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပြီး နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်အခြမ်းရှိ ထိုင်း-မြန်မာ အမှတ် (၁)နှင့် (၂) ချစ်ကြည်ရေး တံတားများသို့ သွားရောက်၍ ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အကောက်ခွန်ဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တံတားများမှတစ်ဆင့် လူဝင်/ထွက်နှင့် ကုန်စည် စီးဆင်းနေမှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)