မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ရေနံချောင်းမြို့ ရေပေးဝေရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ရေနံချောင်းမြို့ ရေပေးဝေရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





ရေနံချောင်း၊ ဇွန် ၂၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့ရေပေးဝေရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဦးစွာ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ရေနံချောင်းမြို့ မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပင်းချောင်းရေစက်ရုံကို ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှု မဖြစ်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ထားသည့် ကျောက်ရိုးစီမြေကာနံရံအချို့အား ရေတိုက်စားပျက်စီးခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ မြို့နေပြည်သူလူထုအား သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသည့် ဂါလံ (၁) သန်းဆံ့ သံကန်မှ ရေပေးဝေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေပြတ်လတ်မှုမရှိစေရေး ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ပင်းချောင်းကျောက်ရိုးစီ မြေကာနံရံများ ပြန်လည်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)