ရပ်စောက်မြို့နယ်၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ်၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ



ရပ်စောက်၊ ဇွန် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှကြီးကြပ်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက် နေ့အထိ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြည်သူများသိရှိနိုင်စေရန်အတွက် ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီခွဲအချိန်က လမ်းသွားလမ်းလာ ပြည်သူများနှင့် မြို့မဈေးအတွင်းရှိ မိဘပြည်သူများအား ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်းများ၊ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ (၁၀) စစ်ဆေးခြင်းမဟုတ်ပါ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးရမည့်အချက်များ၊ ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေအရသန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်းသို့မဟုတ် စစ်ဆေးခြင်းမပြုရ၊ မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းအားဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်မည့်အချက်များ၊ Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူမည် စသည့်အကြောင်းအရာများ ပါဝင်ပါသည်။ ထို့ပြင် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းပိုစတာများကိုလည်း လူစည်ကားရာနေရာများ၌ကပ်၍ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များပူးပေါင်း၍ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆုမွန်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)